
-
(ဗုဒ္ဓဘာသာဝင် များ၏ အထွတ်အမြတ် ထားရာ သီတင်းကျွတ် လပြည့် အဘိဓမ္မာ အခါတော်နေ့တွင် ရွှေတိဂုံ စေတီတော်မြတ်ကြီး၌ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကား လျက်ရှိသည်ကို တွေ့ရစဉ်) -
(ဗုဒ္ဓဘာသာဝင် များ၏ အထွတ်အမြတ် ထားရာ သီတင်းကျွတ် လပြည့် အဘိဓမ္မာ အခါတော်နေ့ တွင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၌ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကား လျက်ရှိ သည်ကို တွေ့ရစဉ်) -
(မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာန နာယက ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရ ထံမှ ပြည်ထောင်စု ဝန်ကြီး နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဦးသိန်းညွန့် နှင့် ပရိသတ်များက အဘိဓမ္မာ အခါတော်နေ့ တရားတော်များ နာကြားကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေး ဝေကြစဉ်) -
(ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း နှင့် ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးတို့ ဦးဆောင်သော အဖွဲ့ ပေါက်တော မြို့နယ်မှ တွေ့ဆုံပွဲ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်) -
(ပြည်ထောင်စု ဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများ ရန်ကုန်-စင်ကာပူ လေကြောင်းလိုင်း ခရီးစဉ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြစဉ်) -
(တပ်မတော်သည် ပြည်သူ့အတွက် အမြဲတမ်း ပေးဆပ်နေမှာပါ) -
(တပ်မတော်သည် ပြည်သူ့အတွက် အမြဲတမ်း ပေးဆပ်နေမှာပါ) -
(တပ်မတော်သည် ပြည်သူ့အတွက် အမြဲတမ်း ပေးဆပ်နေမှာပါ) -
(တပ်မတော်သည် ပြည်သူ့အတွက် အမြဲတမ်း ပေးဆပ်နေမှာပါ)
Tuesday, May 21, 2013
သဘာဝအလျောက် ကျက်စားနေသော တောယုန်များအား မိုးကြိုကာလတွင် အကောင်လိုက် ဖမ်းဆီးရောင်း ချမှု များလာ
မုံရွာ မေ ၂ဝ
စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းနှင့်
အုန်းတောကျေးရွာ အုပ်စုများအတွင်း သဘာဝအလျောက် လှည့်လည် ကျက်စား နေသော
တောယုန်များကို မိုးကြိုကာလတွင် စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းနှင့်
အုန်းတော ကျေးရွာ အကြား မုံရွာ- မန္တလေး ကားလမ်းဘေး၌ လာရောက် ရောင်းချသူများ
ပိုမိုများပြားလာကြောင်း သိရသည်။
အဆိုပါ ယုန်များကို လာရောက်
ရောင်းချရာတွင် အုန်းတောကျေးရွာ အုပ်စု နတ်ခရိုင် ကျေးရွာရှိ
မုံရွာ-မန္တလေး-ရွှေဘို ကားလမ်းဆုံ အနီး၌ ယုန်သား ရောင်းချသူ တစ်ဦးက
''နွေရာသီ ကာလတွင် တောယုန်များ အားလာရောက် ရောင်း ချကြသူ သုံးဦး၊
လေးဦးသာရှိပြီး ယခုလအတွင်း လာရောက် ရောင်းချကြသူ ၁၅ ဦး ရှိပါတယ်၊
ယခင်တုန်းက ယုန်များကို အမွေးနုတ်ပြီး ရောင်းချခဲ့ကြရာမှာ နောက်ပိုင်းတွင်
ယုန်ကို အကောင် လိုက်ချရောင်း ခဲ့သဖြင့် ဝယ်ယူသူ ပိုမိုများပြား လာပါတယ်၊
ယုန်တစ်ကောင်ကို အကြီး အသေးပေါ် မူတည်ပြီး ငွေကျပ် ၄ဝဝဝ မှ ၉ဝဝဝ အထိ
ရရှိပါတယ်၊ ယုန်များ ရှားလျှင် ရှားသလို ဈေးပိုမို ရရှိပါတယ်၊ ယုန်တွေက
သဘာဝ ထင်းတောတွေမှာ ကျက်စား တတ်ကြပါတယ်၊ ယုန်ထောင် ကြသူများမှာ ညပိုင်းတွင်
ပိုက်ကွန်ဖြင့် ထောင်ဖမ်းကြပြီး တစ်ရက်လျှင် ယုန်နှစ်ကောင်မှ ငါးကောင်အထိ
ရရှိကာ နံနက်ခင်းမှ မွန်းလွဲ ပိုင်းအထိ မုံရွာ-မန္တလေး ကားလမ်းဘေး၌ လာရောက်
ရောင်းချကြပါတယ်'' ဟု ပြောကြားပြီး ယခု မေလပိုင်း တွင် ယုန် ရောင်းချသူများ
ပိုမိုများလာလျက် ရှိကြောင်း သိရသည်။
ရဟန်းခံ ရှင်ပြုနှင့် ကဆုန်ညောင်ရေသွန်း ပွဲတော် အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကြီး ကျင်းပမည်
ဘားအံ မေ ၂ဝ
ကရင်ပြည်နယ် ဘားအံမြို့နယ်
ရွှေကောကျေးရွာအုပ်စု ကော့ပရံကျေးရွာတွင် ရဟန်းခံ၊ ရှင်ပြုနှင့် ကဆုန်
ညောင်ရေသွန်း ပွဲတော် အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကြီးကို
မေ ၂၅ ရက်နံနက် ၁၁ နာရီ တွင် ကျင်းပမည် ဖြစ်သည်။
အဆိုပါ လက်ဝှေ့ပွဲတွင် သုံးချီ
စိန်ခေါ်ပွဲ၊ လေးချီ စိန်ခေါ်ပွဲ၊ ကြားပွဲများအပြင် အထူး စိန်ခေါ်ပွဲအဖြစ်
မင်းမင်းထွန်း (တိုက်ဂါး) နှင့် စိုးရာဇာ (တောင်ကလေး)၊ ဂျစ်တူး (တိုက်ဂါး)
နှင့် စောဒါဝီ (တောင်ကလေး)၊ ကြယ်စင် (တိုက်ဂါး) နှင့် ယျာမူးလာ (တောင်ကလေး)
တို့ ယှဉ်ပြိုင် ထိုးသတ်သွားမည် ဖြစ်သည့် အပြင် ငြိမ်းချမ်းရေး လက်ဝှေ့
ကလပ်မှ ဖျံသွေးအား ရုံစောင့်အဖြစ် ဆုံးဖြတ်ထားပြီး စိန်ခေါ်လာသည့်
လက်ဝှေ့ကျော်များအား ယှဉ်ပြိုင် ထိုးသတ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ကရင်ပြည်နယ် မြိုင်ကလေးရှိ ရွှေတိဂုံ အောင်ဆုပန် စေတီတော် စတုတ္ထအကြိမ် ဗုဒ္ဓပူဇနိယ ပွဲတော် ဓမ္မစေတမန် တရားပွဲ ကျင်းပမည်
ဘားအံ မေ ၂ဝ
ကရင်ပြည်နယ် မြိုင်ကလေးရှိ ရွှေတိဂုံ
အောင်ဆုပန် စေတီတော် စတုတ္ထအကြိမ် ဗုဒ္ဓပူဇနိယ ပွဲတော် ဓမ္မစေတမန် တရားပွဲကို
မြိုင်ကလေး အမှတ် (၁) တန် ၉ဝဝ ကျ ဘိလပ်မြေ စက်ရုံရှိ ဓမ္မာရုံကြီး၌ မေ ၂၄
ရက်မှ ၂၆ ရက်အထိ သုံးရက်တိုင်တိုင် ည ၇ နာရီတွင် တရား အလှူပေးသွားမည်
ဖြစ်သည်။
အဆိုပါ တရားပွဲသို့ သီတဂူ ဒေါက်တာ
အရှင်ဥာဏိသာရ (D.Lit)(Ph.D)၊ အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ မဟာဓမ္မကထိက
ဗဟုဇန ဟိတဓရ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ စစ်ကိုင်းတောင်ရိုး သီတဂူ ကမ္ဘာ့ဗုဒ္ဓ
တက္ကသိုလ်၏ အဓိပတိ၊ သီတဂူ အရှင်သုမန BA (Buddhism) သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်
(စစ်ကိုင်း) နှင့် သီတဂူ အရှင်တိက္ခသာရ BA,MA(Budd-hism) ကထိက ဆရာတော်
သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် (ရန်ကုန်) တို့ တရားအလှူ ပေးသွား မည် ဖြစ်ကြောင်း
သတင်း ရရှိသည်။
ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟို ကော်မတီ လုပ်ငန်း ညှိနှိုင်းစည်းဝေး
နေပြည်တော် မေ ၂ဝ
မေ ၁၉ ရက် နံနက် ၉ နာရီတွင် ရခိုင်ပြည်နယ်
တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု အကောင် အထည် ဖော်ရေး
ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်နယ် အစိုးရ အဖွဲ့ရုံး
အစည်းအဝေး
ခန်းမ၌ ကျင်းပရာ ဗဟို ကော်မတီ ဒုတိယ ဥက္ကဋ္ဌ
ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်က ရခိုင်ပြည်နယ် တည်ငြိမ်
အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် လုပ်ငန်း တာဝန်များ လုပ်ကိုင်
ေ ဆာင်ရွက်နေမှု၊ မြို့နယ်အလိုက် ဒုက္ခသည်များအား နေရာချထားမှု၊ ကယ်ဆယ်
ထောက်ပံ့ရေး ပစ္စည်းများ ဖြည့်ဆည်းပေးမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊
သောက်သုံး ရေကန်များ တူးဖော်ပြီးစီးမှု၊ စိုက်ပျိုးရေး အတွက် မျိုးစပါး
လိုအပ်မှု၊ မြေပြုပြင် နေမှုနှင့် ထွန်ယက် ကိရိယာများ လိုအပ်မှု၊ ငါးဖမ်း
လုပ်ငန်းအတွက် ပစ္စည်း လိုအပ်မှု အခြေအနေ များနှင့် သက်ဆိုင်ရာ စခန်း
တာဝန်ခံများ က အောက်ခြေ မြေပြင်အထိ ကွင်းဆင်းပြီး စာရင်းဇ ယား ကိန်းဂဏန်း
လိုအပ်ချက်များကို တိကျ မှန်ကန်စွာ ရယူပြုစုလျက် မိမိတို့၏ သတ်မှတ်
လုပ်ငန်း တာဝန်များကို ကော်မတီ အလိုက် အချင်းချင်း အပြန်အလှန် ညှိနှိုင်း
ပေါင်းစပ် လုပ်ကိုင် ဆောင်ရွက်သွား ကြရန် ပြောကြားသည်။
ထို့နောက် ဗဟို ကော်မတီဝင် လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး
ဦးဘုန်းဆွေက လုပ်ငန်းများ အောင်မြင်ရေး အတွက် အစည်းအဝေး များ
ခေါ်ယူညှိနှိုင်း ဆောင်ရွက်ရခြင်း ဖြစ်သဖြင့် ဝိုင်းဝန်းပူးပေါင်း ညှိနှိုင်း
ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ ဒုက္ခသည်များ အား စနစ်တကျ နေရာ ချထားပြီးမှ
၎င်းတို့၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုး တက်ရေး လုပ်ငန်းများကို ဆက်လက်လုပ်
ဆောင် ပေးရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဆောက်လုပ်ရေး ဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမြင့်က လမ်းပန်း ဆက်သွယ်မှု လျင်မြန်
ချောမွေ့စေရေး အတွက် ပြည်နယ်အတွင်း လမ်းတံတားများနှင့် ပြည်နယ်ခြား
ဆက်သွယ်မှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်နယ် ဝန်ကြီးများနှင့် လုပ်ငန်း ကော်မတီ အသီးသီးမှ တာဝန်
ရှိသူများက လုပ်ငန်း ကော် မတီ၊ ဆပ်ကော်မတီ အလိုက် လုပ်ငန်း ဆောင်ရွက်
ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများ၊ လုပ်ငန်း
လိုအပ်ချက်များကို ဆွေးနွေး တင်ပြ ခဲ့ကြကြောင်း သတင်း ရရှိသည်။
တန်ဖိုးနည်း CDMA -800 MHz ဆင်းကတ်များ ဒုတိယအကြိမ် မဲနှိုက်၍ ရောင်းချပေး
မြင်းမူ မေ ၂ဝ
၂ဝ၁၃ ခုနှစ် မေလအတွင်း မြင်းမူမြို့နယ် အတွက် ငွေကျပ် ၁၅ဝဝ တန် တန်ဖိုးနည်း CDMA- 800 MHz ဆင်းကတ် ၁၅ဝဝ ခွဲတမ်းရရှိ၍လျှောက်လွှာ တင်ထားသူများအား ယမန်နေ့
နံနက်ပိုင်းက မြို့နယ်ရုံး ရွှေပြည်သစ်ခန်းမ၌ မဲနှိုက်၍ ရောင်းချပေးခဲ့ပြီး
ကျန်ရှိသော လျှောက်လွှာများကို နောက် ထပ်မံရရှိမည့် ဆင်းကတ် အရေအတွက်ပေါ်
မူတည်၍ ဆက်လက် ရောင်းချ သွား မည် ဖြစ်ကြောင်း သိရသည်။
မြင်းမူမြို့နယ်တွင် ငွေကျပ် ၁၅ဝဝ တန်
တန်ဖိုးနည်း CDMA- 800 MHz ဆင်းကတ်များကို ဧပြီ ၂၄ ရက်က ပထမအသုတ် အနေဖြင့်
၁ဝ၉ဝ ကတ် ခွဲတမ်းရရှိကာ ယခု ခွဲတမ်းအဖြစ် ၁၅ဝဝ ကတ် ရရှိကြောင်း သိရ သည်။
ယခု မဲပေါက်သူများသည် မေ ၂ဝ ရက်မှ ၂၃ ရက်အထိ မြို့နယ် ဆက်သွယ်ရေးရုံး၌
ငွေပေးသွင်းပြီး ဆင်းကတ် ထုတ်ယူရမည် ဖြစ်ကြောင်း သိရသည်။
အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှု၌ အစိုးရ၏ အင်အားသုံး ဖြေရှင်းမှုဖြစ်ရပ် အထိမ်းအမှတ် ထိုင်းနိုင်ငံတွင် ပြုလုပ်
ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် ၃
နှစ်ခန့်က ဖြစ်ပွားခဲ့သော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှု၌ အစိုးရ၏ အင်အားသုံး
ဖြေရှင်းမှုဖြစ်ရပ် အထိမ်းအမှတ်အဖြစ် အာဏာရှင် ဆန့်ကျင်သည့် ဦးညွှတ်သော
ဒီမိုကရေစီတပ်ဦး (United Front for
Democracy against the Dictatorship-UDD) အားထောက်ခံသူ ရှပ်နီဝတ် ၂ဝ,ဝဝဝ
ကျော် ခန့်သည် ဘန်ကောက်မြို့ ရာချာပရာဆွန် လမ်းဆုံ၌ မေလ ၁၉ ရက်နေ့က
စုဝေးခဲ့ကြကြောင်း သိရှိ ရပါသည်။ အဆိုပါနေ့ ညနေပိုင်းတွင် ပြည်ပြေး
ဝန်ကြီးချုပ်ဟောင်းဖြစ်သူ သက်ဆင် ရှင်နာဝပ်က ၎င်းလူစုလူဝေး အား Skype ဟုခေါ်သော
အင်တာနက် ဖုန်းခေါ်ဆိုမှုမှ တစ်ဆင့် မိန့်ခွန်းပြော ကြားရန် စီစဉ်ထားပါသည်။
ထိုင်း ဒုတိယ ဝန်ကြီးချုပ် ချလန်ယုဘန်ရန်းနှင့် အမျိုးသား
လုံခြုံရေးကောင်စီ အထွေထွေ အတွင်းရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး
ပါရာဒွန် ပတ်တနာတာဘတ်တို့ အပါအဝင် လုံခြုံရေးဆိုင် ရာ အရာရှိကြီးများက
ယခုပြုလုပ်သော လူထုစုဝေးခြင်းသည် ငြိမ်းချမ်းစွာ ပြုလုပ်လျက်ရှိသောကြောင့်
စိုးရိမ်ပူပန်မှု မရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြပါသည်။
မြောက်ကိုရီးယားနိုင်ငံ၏ တာတိုပစ် ဒုံးပျံပစ်ခတ်မှုအပေါ် စိုးရိမ်ပူပန်
မြောက်ကိုရီးယားနိုင်ငံ၏ တာတိုပစ်
ဒုံးပျံပစ်ခတ်မှုအပေါ် စိုးရိမ်ပူပန်ကြောင်း၊ အငြင်းပွားဖွယ် နျူကလီးယား
အစီအစဉ်နှင့် ပတ်သက်၍ ၆ နိုင်ငံ ဆွေးနွေးပွဲအား ပြန်လည် စတင်ရန်
မြောက်ကိုရီးယား နိုင်ငံ အား
တောင်းဆိုထားကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မေလ ၁၉
ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အလားတူ
ကိစ္စရပ်မျိုး ကို ရှောင်ရှားသွားမည်ဟု မိမိအနေဖြင့် မျှော်လင့်ပါကြောင်း၊
ကိုရီးယားကျွန်းဆွယ်ပေါ်ရှိ တင်းမာမှုများအား ဖြေလျှော့ရန်နှင့်
ဆွေးနွေးပွဲအား ပြန်လည် စတင်ရန် မြောက်ကိုရီးယား နိုင်ငံအတွက် အချိန်
ကျရောက်နေပြီ ဖြစ်ကြောင်း၊ ကုလသမဂ္ဂ အနေဖြင့် အကူအညီ ပေးရန် အသင့်ရှိကြောင်း
ဘန်ကီမွန်းက ရုရှားနိုင်ငံ RIA Novosti သတင်းဌာန၏ ရုံးခန်း၌ ပြောကြားခဲ့ပါ
သည်။ မြောက်ကိုရီးယား နိုင်ငံနှင့် ဖြစ် ပွားနေသော တင်းမာမှုများအား
လျှော့ချရေး အကူအညီ ပေးရာတွင် ဆက်ဆံရေး ကဏ္ဍမှတစ်ဆင့် ရုရှားနိုင်ငံမှ
လုပ်ဆောင်မည်ကို မိမိက မျှော်လင့်ထားပါကြောင်း ဘန်ကီမွန်းက ပြောကြား
ခဲ့ပါသည်။
ကေဆောင်းစက်မှုဇုန်နှင့် ပတ်သက်၍ လိပ်ခဲတည်းလည်း အခြေအနေအား ဖြေရှင်းရန် အတွက် စေ့စပ်ဆွေးနွေးမှု ပြုလုပ်
တောင်ကိုရီးယား နိုင်ငံသည်
မြောက်ကိုရီးယား နိုင်ငံ၏ မကြာသေးမီက ပြုလုပ်ခဲ့သော ရန်စမှု များအား
ပြစ်တင်ရှုတ်ချခဲ့ပြီး ကေဆောင်းစက်မှုဇုန်နှင့် ပတ်သက်၍ လိပ်ခဲတည်းလည်း
အခြေအနေ အား
ဖြေရှင်းရန် အတွက် စေ့စပ်ဆွေးနွေးမှု
ပြုလုပ်ရန် မြောက်ကိုရီးယား နိုင်ငံအား တိုက်တွန်းထားကြောင်း သိရှိရပါသည်။
မြောက်ကိုရီးယား နိုင်ငံ၏ ရန်လိုသော လုပ်ဆောင်ချက်သည် မနှစ်မြို့စ ရာ
ကောင်းကြောင်း၊ မြောက်ကိုရီးယား နိုင်ငံအနေဖြင့် နိုင်ငံတကာ
အသိုက်အဝန်းအတွင်း တာဝန်သိသိ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း
တောင်ကိုရီးယား ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာနမှ ပြောရေးဆို ခွင့်ရှိသူ
ကင်ယွန်ဆုက ပြောကြားခဲ့ ပါသည်။ မြောက်ကိုရီးယား နိုင်ငံမှ ၎င်း၏ အရှေ့ဘက်
ကမ်းရိုးတန်း အလွန် ပင်လယ်ပြင် အတွင်းသို့ တာတိုပစ်ဒုံးပျံ ၃ စင်း
ပစ်ခတ်ခဲ့ပြီး နောက်တစ်ရက်တွင် အဆိုပါ ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့ခြင်း
ဖြစ်ပါ သည်။ ကေဆောင်း စက်မှုဇုန်ရှိ လုပ်ငန်းများ ရပ်တန့်ရခြင်းနှင့်
လိပ်ခဲတည်းလည်း အခြေအနေအား ဖြေရှင်းရန် နှစ်နိုင်ငံ ဆွေးနွေးပွဲ
မအောင်မမြင် ဖြစ်ခဲ့ခြင်းသည် မြောက်ကိုရီးယား နိုင်ငံ၌ အဓိက
တာဝန်ရှိကြောင်း ကင်က ပြောကြားခဲ့ပါသည်။
မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် မေလ ၁၈ ရက်နေ့က ဂျပန်ပင်လယ်ပြင် အတွင်းသို့ တာတိုပစ်ဒုံးပျံ ၃ စင်း ပစ်လွှတ်
မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် မေလ
၁၈ ရက်နေ့က ဂျပန်ပင်လယ်ပြင် အတွင်းသို့ တာတိုပစ်ဒုံးပျံ ၃ စင်း
ပစ်လွှတ်ခဲ့ပြီးနောက် မေလ ၁၉ ရက်နေ့တွင် အခြား တာတို ပစ်ဒုံးပျံတစ်စင်းအား
ထပ်မံပစ်ခတ် ခဲ့ကြောင်း တောင်ကိုရီးယား
ကာကွယ်ရေး ဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ ယွန်ဟတ် သတင်းဌာနက
ထုတ်ပြန်ခဲ့ ပါသည်။ မြောက်ကိုရီးယား အရှေ့ဘက် ကမ်းခြေမှ ပစ်ခတ်ခဲ့သော
၎င်းဒုံးပျံမှာ ဂျပန် ပင်လယ်ပြင် အတွင်းသို့ ကျရောက်ခဲ့ပါသည်။ ပစ်ခတ်ခဲ့သော
ဒုံးပျံအမျိုးအစားနှင့် ပစ်ခတ်ချိန်တို့အား ထုတ်ပြန်ချက်တွင်
ဖော်ပြထားခြင်း မရှိပေ။ အတိအကျ မသိရှိရ သေးသော်လည်း အဆိုပါ ဒုံးပျံများသည်
ခေတ်မီ သင်္ဘောဖျက် ဒုံးကျည်၊ သို့မဟုတ် ကီလိုမီတာ ၁၂ဝ အကွာအဝေးထိ
ရောက်ရှိနိုင်သော ဆိုဗီယက်ခေတ် ထုတ်လုပ်ခဲ့သည့် SS-2 အမျိုးအစားအား ပြန်လည်
မွမ်းမံထားသည့် KN-02 မြေပြင်မှ မြေပြင်ပစ် ဒုံးပျံဖြစ်နိုင်ကြောင်း
တောင်ကိုရီးယား အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ယွန်ဟတ် သတင်းဌာနက
ဖော်ပြခဲ့ပါ သည်။ တောင်ကိုရီးယား နိုင်ငံ အနေဖြင့် မြောက်ကိုရီး ယား
နိုင်ငံအပေါ် စောင့်ကြည့်မှုများကို တိုးမြှင့်ထားကြောင်း တောင်ကိုရီးယား
ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
ထိုင်ဝမ်ငါးဖမ်း သမားတစ်ဦး ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှု တစ်ခုပြုလုပ်
ထိုင်ဝမ်ငါးဖမ်း သမားတစ်ဦး
ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှု တစ်ခုပြုလုပ်ခဲ့သော ထိုင်ဝမ်
စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံမှ ထိုင်ဝမ်သို့ ပြန်လည်
ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ အဖွဲ့သည် တိုင်ပေလေဆိပ်တွင်
သတင်းစာ ရှင်းလင်းပွဲ တစ်ခုအား ပြုလုပ်ခဲ့ပါသည်။ ငါးဖမ်းသမား ပစ်ခတ်ခံရမှု
ကိစ္စအား ထိုင်ဝမ်နှင့်အတူ ပူးတွဲ စုံစမ်းစစ်ဆေးမှု တစ်ရပ်အား လုပ်ဆောင်ရန်
ဖိလစ်ပိုင် အစိုးရအား စုံစမ်း စစ်ဆေးရေး အဖွဲ့က တောင်းဆိုခဲ့ပါသည်။
ဖိလစ်ပိုင် အာဏာပိုင်များသည် ရိုးသားမှု မရှိကြောင်း၊ ဖိလစ်ပိုင်
နိုင်ငံသို့ မထွက်ခွာမီ ပူးတွဲ စုံစမ်းစစ်ဆေးမှု တစ်ရပ်အား ပြုလုပ်ရန်အတွက်
ထိုင်ဝမ်ဆိုင်ရာ ဖိလစ်ပိုင် ကိုယ်စားလှယ်နှင့် ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း
အဆိုပါ အဖွဲ့က ပြောကြားခဲ့ပါသည်။ မိမိတို့အား ပစ်ခတ်မှုတွင် ပါဝင်ခဲ့သည်ဟု
သံသယ ရှိသူများနှင့် ဆက်သွယ် တွေ့ဆုံမှုအား ခွင့်ပြုထားခြင်း မရှိကြောင်း၊
ထိုင်ဝမ် ငါးဖမ်းလှေငယ်နှင့် ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ်အကြား
ဖြစ်ပွားခဲ့သော လှေတိုက်မှုအား အတည်ပြုရန် ၎င်းတို့တွင် သက်သေ အထောက်အထား
မရရှိခဲ့ကြောင်း စုံစမ်း စစ်ဆေးရေးအဖွဲ့ က ပြောကြားခဲ့ပါသည်။
လန်ဒေါင်ပြည်နယ်တွင် ဗီယမ်နမ် နိုင်ငံလုပ် မောင်းသူ မဲ့ လေယာဉ်များအား အောင်မြင်စွာ စမ်းသပ် ပျံသန်းနိုင်ခဲ့
ဗီယက်နမ်နိုင်ငံ လန်ဒေါင်ပြည်နယ်တွင်
ဗီယမ်နမ် နိုင်ငံလုပ် မောင်းသူမဲ့ လေယာဉ်များအား အောင်မြင်စွာ စမ်းသပ်
ပျံသန်းနိုင်ခဲ့ကြောင်း ပြည်တွင်း သတင်းဌာနများက ဖော်ပြခဲ့ပါသည်။
ဗီယက်နမ် အာကာသ နည်းပညာအဖွဲ့ (Vietnam
Space Technology Institude) မှထုတ်လုပ်သော အဆိုပါ မောင်းသူမဲ့ လေယာဉ် ၆
စင်းအား လန်ဒေါင်ပြည်နယ်၏ လတ်ဒေါင်ခရိုင်နှင့် ဒါးလတ် မြို့တို့တွင် မေလ ၁၇
ရက်နေ့မှ ၁၉ ရက်နေ့အထိ ၃၇ ကြိမ် အောင်မြင်စွာ စမ်းသပ်ပျံသန်း
နိုင်ခဲ့ကြောင်း Van Hoa The Thao သတင်းစာတွင် ဖော်ပြပါရှိ ခဲ့ပါသည်။
မောင်းသူမဲ့ လေယာဉ်တွင် ကင်မရာများ၊ ရောင်စဉ်တိုင်း ကိရိယာများနှင့် အခြား
လိုအပ်သော ပစ္စည်းကိရိယာများ တပ်ဆင်ထားပြီး မြေပြင် ထိန်းချုပ်ရေး
စနစ်မရှိဘဲ အလိုအလျောက် ပျံသန်း နိုင်ကြောင်း သိရှိရပါသည်။
နယ်စပ်ဖြတ်ကျော် မှုခင်းများနှင့် ပတ်သက်၍ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြောင်း နီပေါ အရာရှိများက ဆုံးဖြတ်
နီပေါနှင့် အိန္ဒိယ နိုင်ငံတို့သည်
နှစ်နိုင်ငံနယ် နိမိတ်အကြား မကြာခဏ ဖြစ်ပွားလေ့ရှိသော နယ်စပ်ဖြတ်ကျော်
မှုခင်းများနှင့် ပတ်သက်၍ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြောင်း နီပေါအရာရှိများက
မေလ ၁၉ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
ဝန်ကြီးအဆင့် တွေ့ဆုံပွဲအား ဇွန်လပထမပတ်တွင် ကျင်းပရန်စီစဉ် ထားကြောင်း၊
တွေ့ဆုံပွဲ ပြုလုပ်မည့် ရက်အတိအကျအား မကြာမီ သတ်မှတ်သွားမည် ဖြစ်ကြောင်း၊
နယ်စပ် ဖြတ်ကျော် မှုခင်းဆိုင်ရာ ကိစ္စအပေါ် အဓိကထား ဆွေးနွေးသွားမည်
ဖြစ်ကြောင်း နီပေါ ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသ Shankar
Koirala က ဆင်ဟွာ သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲအား
နီပေါ ပြည်ထဲရေး ဝန်ကြီး Nabin Ghimire နှင့် အိန္ဒိယ ပြည်ထဲရေး ဝန်ကြီး RK
Singh တို့ တက်ရောက်မည် ဖြစ်ကြောင်း သိရှိရပါသည်။
ထိုင်းဝန်ကြီးချုပ် ရင်လပ် ရှင်နာဝပ် အနေဖြင့် ဝန်ကြီးချုပ် ရာထူးအား သက်တမ်း အပြည့်အဝ တာဝန်ထမ်းဆောင်ရန် လူအများစုက အလိုရှိ
ထိုင်းဝန်ကြီးချုပ် ရင်လပ်
ရှင်နာဝပ်အနေဖြင့် ဝန်ကြီးချုပ် ရာထူးအား သက်တမ်းအပြည့်အဝ
တာဝန်ထမ်းဆောင်ရန် လူအများစုက အလိုရှိနေကြောင်း Abac Poll အမည်ရှိ
မဲစစ်တမ်းတစ်ခုက
မေလ ၁၉ ရက်နေ့တွင် ထုတ်ပြန်
ကြေညာခဲ့ပါသည်။ အဆိုပါ မဲစစ်တမ်းအား မေလ ၁ဝ ရက်နေ့မှ ၁၈ ရက်နေ့အထိ
ပြုလုပ်ခဲ့ပြီး ဘန်ကောက်မြို့ အပါအဝင် မြို့နယ် ၁၇ မြို့နယ်မှ အသက် ၁၈
နှင့်အထက် လူ ၂,၁၁၅ ဦးထံမှ ကောက်ခံ ခဲ့ခြင်း ဖြစ်ပါသည်။ ရင်လပ်အနေဖြင့်
ဝန်ကြီးချုပ်အဖြစ် တာဝန် ဆက်လက် ထမ်းဆောင်သင့်/ မသင့်ဟူသော မေးခွန်းအပေါ်
၅၅.၉ ရာခိုင်နှုန်းက တာဝန်ဆက်လက် ထမ်းဆောင်သင့်ကြောင်း ထောက် ခံမဲ
ပေးခဲ့ကြပါသည်။ ၁၁.၅ ရာခိုင်နှုန်းက လာမည့် ၁ နှစ်မှ ၂ နှစ်အထိ လည်းကောင်း၊
၆.၅ ရာခိုင်နှုန်းက ၆ လမှ ၁ နှစ်အထိ လည်းကောင်း၊ ၁၅.၃ ရာခိုင်နှုန်းက ၆ လထက်
မကျော်ရန်လည်းကောင်း တာဝန် ထမ်းဆောင် သင့်ကြောင်း အသီးသီး မဲပေးခဲ့ကြပြီး
၁ဝ.၈ ရာခိုင်နှုန်းက မဲပေးခြင်း မပြုခဲ့ကြောင်း သိရှိရပါသည်။
i Pad သို့မဟုတ် Kindle များကို အသုံး ပြုနေသည့် ကလေးငယ်များ စာပေ ပညာရပ် ဆိုင်ရာ ကျွမ်းကျင်မှုတွင် ပိုမို အားနည်းလာကြောင်း သုတေသန ပညာ ရှင်များ လေ့လာတွေ့ရှိ
လန်ဒန် မေ ၁၉
အဆင့်မြင့် နည်းပညာများ ဖွံ့ဖြိုး
တိုးတက်လာသော ခေတ်ကြီးတွင် i Pad သို့မဟုတ် kindle များကို အသုံးပြုနေ
ကြသည့် ကလေးငယ် များသည် စာပေ ပညာရပ် ဆိုင်ရာ ကျွမ်းကျင်မှုတွင်
အားနည်းလာပြီး စာဖတ်ခြင်း တွင်လည်း အားနည်း လာသည်ကို လေ့လာ
တွေ့ရှိခဲ့ကြောင်း ကျွမ်းကျင် ပညာရှင် များက သတိပေး ပြောကြားခဲ့သည်။
The National Literacy Trust ကဦးဆောင်၍
ပြုလုပ်ခဲ့သော လေ့လာ ဆန်းစစ်မှုများ အရ ကလေးငယ် ၅၂ ရာခိုင်နှုန်းသည် i Pad
အသုံးပြု၍ စာဖတ်ရခြင်းကို ပိုမို နှစ်သက်ကြပြီး ကလေးငယ် ၃၂ ရာခိုင်နှုန်း
သာလျှင် စာအုပ်စာပေ များကို ဖတ်ရှုကြကြောင်း လေ့လာတွေ့ရှိ ခဲ့သည်။
အထူးသဖြင့် စာအုပ်စာပေ များကို ဖတ်ရှုသည့်
ကလေးငယ် များသည် ဆင်းရဲ နွမ်းပါးသည့် မိသားစုမှ မွေးဖွားလာသည့် ကလေးငယ်များ
ဖြစ်ကြောင်း ပညာရှင် များက ပြောကြား ထားသည်။
ဗြိတိန်နိုင်ငံ တစ်ဝန်းရှိ အသက်
ရှစ်နှစ်နှင့် ၁၆ နှစ်ကြား အရွယ်ရှိ လူဦးရေ ၃၄၉၁၀ ကို စစ်တမ်း
ကောက်ယူခဲ့ရာ ပုံနှိပ် ထုတ်ဝေထားသော စာအုပ်များကို ဖတ်ရှု လေ့လာသည့် ကလေးငယ်
များသည် နေ့စဉ် i Pad သုံး၍ စာဖတ်သော ကလေးငယ် များထက် စာဖတ်နိုင်သည့်
စွမ်းရည် နှစ်ဆနီးပါး ရှိကြောင်း ပညာရှင် များက တွေ့ရှိခဲ့သည်။
ယခုခေတ် ကလေးငယ် အများအပြားကို လေ့လာ
ကြည့်ပါက ကလေးငယ် အများစုသည် ကိုယ်ပိုင် စာကြည့် စားပွဲထက် ကိုယ်ပိုင်
ကွန်ပျူတာများ ပိုမို အသုံးပြုလာ ကြပြီး i Pad အသုံးပြုသည့် ကလေးငယ်
များသည် စာဖတ်ခြင်းတွင် အားနည်းလျက် ရှိသောကြောင့် ၎င်းတို့၏ အနာဂတ် အတွက်
စိုးရိမ် ပူပန်ရဖွယ် ရှိကြောင်း ပညာရှင် များက ပြောကြားထားသည်။
တေးလာဆွစ်ဖ်၏ အောင်မြင်မှုညဟု ခေါ်ဆိုနိုင်သည့် ဘေလ်ဘုတ် ဆုပေးပွဲ
လော့စ်အိန်ဂျလိစ် မေ ၂ဝ
အသည်းကွဲ တေးသီချင်းများဖြင့်
အောင်မြင်ကျော်ကြားသူ ကန်းထရီး အဆိုတော် တေးလာဆွစ်ဖ်သည် မေ ၁၉ ရက်က
လာတ်စ်ဗေးဂက်စ်မြို့ တွင်ကျင်းပသည့် ဘေလ်ဘုတ် ဆုပေးပွဲတွင် လျာထားခံရသည့်
ဆုပေါင်း ၁၁ ခု အနက် ခြောက်ဆုကို ဆွတ်ခူးသိမ်းပိုက် သွားခဲ့ကြောင်း သိရသည်။
တေးလာသည် ကမ္ဘာကျော် အဆိုတော်ကြီးများ
ဖြစ်ကြသည့် အဒဲလ်၊ ရီဟန်းနား၊ နစ်ကီမင်နနှင့် ကာလီရေး ဂျက်ဆန်တို့ကို
ဖြတ်ကျော်၍ အကောင်းဆုံး အမျိုးသမီး ဂီတပညာရှင် ဆုတို့ကို ရရှိခဲ့သည့် အပြင်
Top Digital Songs Artist ဆု၊Top Country Artist ဆု၊ Red
တေးအယ်လ်ဘမ်ဖြင့် Top Country Album ဆု၊We Are Never Ever Getting Back
Together တေးသီချင်း တို့ဖြင့် Top Country Song ဆုတို့ကို ရရှိခဲ့သည်။
ထို့ပြင် ရီဟန်းနား၊ Gotye၊ အမျိုးသမီး
ပရိသတ် အသည်းစွဲ One Direction အဖွဲ့၊ ဂျက်စတင်ဘီဘာ၊ ကမ္ဘာကျော်
ပေါ့ပ်ဘုရင်မ မက်ဒေါနားနှင့် လက်တင် အဆိုတော် ဂျန်နီ ရီဗာရာတို့ သည်လည်း
၂ဝ၁၃ ခုနှစ် ဘေလ်ဘုတ် ဆုပေးပွဲ၌ ဆုများကို အသီးသီး ရရှိခဲ့သည်။
MGM Grand Garden အားကစား ကွင်းတွင်
ကျင်းပသည့် အဆိုပါ အခမ်းအနား၌ ရက်ပ်တေးသီးချင်း စာသားများ ကို သီဆိုတက်ပြီး
ဘာဘီဝတ်စုံများကို နှစ်ခြိုက်စွာ ဝတ်ဆင်တက်သူ အဆိုတော် နစ်ကီမင်နက Top Rap
Artist ဆုကို ရရှိသွားခဲ့ကြောင်း သိရသည်။
အဆို အဖွဲ့သစ် ဖွဲ့စည်းရန် ပြင်ဆင်လျက် ရှိသည့် Girls Aloud အဖွဲ့ဝင် နဒင်းကိုးလ်
လော့စ်အိန်ဂျလိစ် မေ ၂၀
ကမ္ဘာကျော် အမျိုးသမီး အဆိုအဖွဲ့ ဖြစ်သည့်
Girls Aloud အဖွဲ့မှ အဆိုတော် နဒင်းကိုးလ်သည် အမျိုးသမီး အဆို အဖွဲ့သစ်
တစ်ဖွဲ့ကို ဖွဲ့စည်းရန် ပြင်ဆင်လျက် ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်
ရှိသည်။
အိုင်းရစ် အဆိုတော် နဒင်းကိုးလ်သည် X
Factor ပြိုင်ပွဲမှ ဆုရရှိသည့် Little Mix အမျိုးသမီး အဆိုတော်
အဖွဲ့ကဲ့သို့ အောင်မြင်သော အမျိုးသမီး အဆို အဖွဲ့သစ် ဖွဲ့စည်းနိုင် ရန်
မျှော်လင့် ထားကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် သူမသည် Girls Aloud အဖွဲ့မှ
အဖွဲ့ဝင် အဖြစ် နုတ်ထွက်မည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော်
အဆိုပါ သတင်းနှင့် စပ်လျဉ်း၍ မဟုတ်မှန်ကြောင်း Girls Aloud အဖွဲ့ဝင်
တစ်ဦးဖြစ်သူ အဆိုတော် မင်းသမီးချော ချယ်ရီကိုးလ်က အခိုင်အမာ
ပြောကြားထားသည်။
နဒင်းသည် Girls Aloud အဖွဲ့တွင် အမြဲတမ်း
ခေါင်းဆောင်ဖြစ်ရန် ဆန္ဒ ရှိခဲ့ကြောင်း၊ အဆို အဖွဲ့သစ် ဖွဲ့စည်းခြင်းဖြင့်
သူမက အဖွဲ့၏ ဆုငွေ များစွာကို ထိန်းချုပ် သိမ်းပိုက် ချင်သူ ဖြစ်ကြောင်း
ရင်းနှီးသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ The Mail သတင်း ဌာနက
ဖော်ပြခဲ့သည်။
ပျားများကို အသုံးပြု၍ မြေမြှုပ်ဗုံးများ ရှာဖွေ နိုင်ဖွယ်ရှိကြောင်း သုတေသီများ လေ့လာတွေ့ရှိ
လန်ဒန် မေ ၂ဝ
ပျားများတွင် ပေါက်ကွဲစေ တတ်သော
ပစ္စည်းများကို ရှာဖွေ နိုင်စွမ်းရှိသည့် အနံ့ခံ အာရုံတစ်ခု
ပါရှိသောကြောင့် မြေမြှုပ်ဗုံးများ ကိုရှာဖွေရာတွင် များစွာအထောက်
အကူပြုနိုင်ကြောင်း သုတေသန ပညာရှင်များက ပြောကြားခဲ့ ကြောင်းသိရသည်။
အင်းဆက် ပိုးမွှားများတွင် အနံ့အသက်
များကို ခံစားနိုင်သည့် အနံ့ခံ အာရုံတစ်ခု ပါရှိပြီး ခရိုအေးရှားရှိ
မပေါက်ကွဲသေးသော မြေမြှုပ်ဗုံးများကို ရှာဖွေရာတွင် ၎င်းအင်းဆက်ပိုးများကို
အသုံးပြုနိုင် ဖွယ်ရှိကြောင်း သုတေသီများက လေ့လာ တွေ့ရှိထားသည်။
သုတေသန ပညာရှင်များသည် ပျားများကို
လေ့ကျင့်သင်ကြားမှုများ ပြုလုပ် ပေးခဲ့ပြီး အဆိုပါ လေ့ကျင့်မှုတွင်
ပြင်းထန်သော ဖောက်ခွဲရေး ပစ္စည်းအမှုန့်များနှင့် ၎င်းတို့၏ အစာများကို အသုံးပြု
၍ ၎င်းတို့၏ အစားအစာများကို ခွဲခြား သိနိုင်ရန် လေ့ကျင့် သင်ကြားပေးခဲ့သည်။
အဆိုပါ နည်းလမ်းသည် ၎င်းတို့၏ အစာနှင့်
ဖောက်ခွဲရေး ပစ္စည်းများကို ခွဲခြားသိနိုင်ပြီး ဖောက်ခွဲရေး ပစ္စည်းများအား
အနံ့ခံရာတွင် များစွာအသုံးဝင်ကြောင်း သုတေသန ပညာရှင်များက တွေ့ရှိခဲ့သည်။
ထို့အပြင် ပျားများသည် TNT နှင့်
ရောနှောထားသော သကြားဖျော်ရည် များ ထည့်သွင်းထားသည့် အိုးများထဲတွင် စုပြုံ
ရောက်ရှိနေကြပြီး အခြားအနံ့ ရှိသည့် အိုးများတွင် ပျားတစ်ကောင်မှ
မရှိခဲ့ကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။
ထို့ကြောင့် ပျားများသည် ဖောက်ခွဲရေး
ပစ္စည်းများကို ရှာဖွေနိုင်စွမ်းရှိကြောင်း အဆိုပါ လေ့လာမှုတွင်
ဦးဆောင်ခဲ့သည့် ပါမောက္ခ နီကိုလာကီ မစ်က သုံးသပ်ပြောကြား ခဲ့ခြင်းဖြစ် သည်။
Subscribe to:
Posts (Atom)
