Pages

Wednesday, November 14, 2012

ပျူမြို့ဟောင်း ဟန်လင်း မြို့ရိုး၊ မြို့ဝင် ပေါက်များ၊ ဘာသာ ရေးနှင့် ထုံးဓလေ့ ဆိုင်ရာ အ ဆောက် အအုံများ ရေရှည် တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်း


နေပြည်တော် နိုဝင်ဘာ ၁၃
ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေး မြင့်ကြူသည် နိုဝင်ဘာ ၁၁ ရက် နံနက် ၁ဝ နာရီက စစ်ကိုင်း တိုင်း ဒေသကြီး ဝက်လက် မြို့နယ် ဟန်လင်း ကျေးရွာ အနီးရှိ  ပျူရှေး ဟောင်း ယဉ်ကျေးမှု မြို့တော် တစ် ခု ဖြစ်သော ဟန်လင်း မြို့ဟောင်း အတွင်း ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီး ဌာနက ကြေးခေတ်၊ သံခေတ် ဆိုင် ရာ အထောက် အထားများ တူးဖော် ရရှိခဲ့သည့် ကုန်းအမှတ် (၃ဝ)နှင့် (၂၆)တို့မှ လူအရိုးများ နှင့် အိုးများ မြှုပ်နှံထားရာ နေရာကို ရှေးဟောင်း သုတေသန ဆိုင်ရာ Site Museum များ အဖြစ် ထိန်းသိမ်း ပြသ ထားခြင်း၊ ပျူ မြို့ပြ တည်ဆောက်မှု ဆိုင်ရာ တူးဖော် ရရှိခဲ့သော မြို့ရိုး၊ မြို့ဝင် ပေါက်များ၊ ဘာသာ ရေးနှင့် ထုံးဓလေ့ ဆိုင်ရာ အဆောက် အအုံများ ရေရှည် တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်းရေး လုပ်ငန်း များ ဆောင်ရွက် ထားရှိခြင်း တို့ကို  လှည့်လည် ကြည့်ရှု စစ်ဆေးသည်။
ထိုသို့ကြည့်ရှု စစ်ဆေး ရာတွင် ပြည်ထောင်စု ဝန်ကြီးက ရှေးဟောင်း Site Museum အဖြစ် ပြသ ထားသော နေရာ များ၌ ရှေးဟောင်း ယဉ်ကျေးမှု ဓလေ့ထုံးစံ များကိုလည်း ရှင်းလင်း ရေးသား ဖော်ပြ ထားရန်၊ ဒေသခံ ပြည်သူ များ က ရှေးဟောင်း သုတေသန တူးဖော်မှု ထိန်း သိမ်းမှု လုပ်ငန်း များကို နားလည် လာစေရန် လိုအပ် ကြောင်းနှင့် မှတ် တမ်း တင်ခြင်းများ ပြုလုပ် ထားရန် တို့ကို တာဝန်ရှိ သူများအား မှာကြား ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...